Sei sulla pagina 1di 4

Auto Focus ထက် Manual Focus ကို သုံး သင့်သည့် အခြေ အနေ များ

======================================

DSLR ကင်မရာ များ တွင် Auto Focus နှင့် Manual Focus ဟူ၍ ပါရှိရာ။ Auto Focus သည်
များစွာ အသုံှးင်သော်လည်း အောက် ပါ အခြေအနေများ တွင်မူ Manual Focus ကို
သုံးသင့်သည်။

1. Macro Work

အချို့သော ဓါတ်ပုံ ပညာ ရှင် များသည် Macro ရိုက်သည် နှင့် ကင်မရာFocusing Mode ကို
Manual သို့ ပြောင်းထားလိုက် သည်ဟု သိရသည်။ Depth of Field အပါး ( Narrow depth of
field ) ကိုရိုက် ရာတွင် Focusing အလွန် တိကျရန် လို အပ်သည်။ Focusing သည် မိမိ လို
သည့် နေရာ နှင့် အနည်းငယ် လွဲ သွားသည်နှင့် ပုံ သည် လုံှး ပျက် စီးသွား နိုင်သောေ ကြာင့်
ဖြစ်သည်။

ဤကဲ့သို့ ရိုက်ရာတွင် Auto focus ဖြင့် ရိုက်သည် ဖြစ်စေ Manual Focus ဖြင့် ရိုက် သည်ဖြစ်စေ
Shallow Depth of Field ဖြင့် ရိုက်ရသည့် အတွက် ကင်မရာ လှုပ်ရှားမှု မရှိစေ ရန်အတွ က်
Tripod သုံးရန် လိုသည်။ Manual focusing သည် ကိုယ်က လိုသလို ထိန်းချုပ်၍ ရသဖြင့်
လိုအပ်သည့် နေရာကို တိကျသော စွာ Focus လုပ်နိုင်သည့် အားသာ ချက် ရှိသည်။

2. Low Light

အလင်းရောင် နည်း သည့် Low Light အခြေ အနေ တွင် အချို့သော ကင်မရာ နှင့် Lens
များအတွက် Focus လုပ် ရန် အတွက် အခက် အခဲ ရှိသည်။ Focusing ကို Auto Mode တွင်

1
ထားပါက Lens အနေနှင့် မည်သည့် အရာကို focus လုပ်ရမည်ကို ဆုံးဖြတ်ရခက်သဖြင့် ရှေ့တိုး
နောက်ဆုတ် အကြိမ်ကြိမ် လုပ်နေသည်ကို ကြုံ ဘူးကြပါ လိမ့် မည်။ယင်းကဲ့ သို့
အခြေအနေတွင်Focusing အတွက် အချိန် ကြာနိုင်သကဲ့ သို့ လိုအပ်သည့် နေရာ မဟုတ်ဘဲ
နေရာမှား focus လုပ်နိုင်ပါသည်။ ထိုသို့ သော အခြေ အနေတွင် Manual Focus Mode ကို
သုံးပါ။

3. Portraits

အလားတူပင် Portrait ရိုက်ရာတွင်လည်း focusing အမှား မခံ ၊ တိကျ ရန်လိုသည်။။ အောက်ပါပုံ


တွင် Focus ကို နှုတ်ခမ်း ၌ ဖြတ်ထားသော်လည်း အများစု မှာ မျက်လုံး တွင်သာ Focus ဖြတ်
ကြသည်။ Focus ကို Manual Mode ထားခြင်းဖြင့် လိုအပ်သည့်နေရာကို လို သလို Focus
အတိအကျ ဖြတ် နိုင်သည်။ ဤ ကဲ့သို့ Manual Focus ဖြင့် Subject မျက်နှာကို တိကျစွာ Focus
ဖြတ် နိုင်ခြင်းဖြင့် ကြည့် သူ၏ အာရုံသည် Subject ၏ မျက် နှာ သို့ တိုက်ရိုက်ရောက် လေသည်။

2
4. Shooting Through Glass/Wire Fences

မှန် ၊ သံဇကာ ၊ ခြံစည်းရိုး စသည် ကဲ့သို့ အရာများမှ ဖြတ်၍ ရိုက်ရ လျှင် မိမိ က အဆိုပါ နေရာ
များ၏ နောက်မှ subject ကို focus လုပ်လို သော် လည်း ကင်မရာ သည်သူ့ နှင့်အနီးဆုံး မှန် ၊
သံဇကာ ၊ ခြံစည်းရိုး စသည် တို့ နှင့် subject တို့ ကို ရောထွေးကာ confuse ဖြစ်ပြီး ဘာကို
focus လုပ်ရမှန်းမသိ ဘဲ ဖြစ်နေတတ်သည်။ ဆိုအခြေအနေတွင် Manual Focus ကို သုံးပါ။ မှန် ၊
သံဇကာ ၊ ခြံစည်းရိုး တို့ အနား သို့ အခြေအနေပေး သလောက် ကပ် ၍ ရိုက်ပါ။ Depth of Field
လျှော့ သွား စေရန် Aperture ကို အကျယ် ဆုံး ဖွင့်ထားပါ။ ရှေ့ တွင်ရှိ မှန် ၊ သံဇကာ ၊ ခြံစည်းရိုး
တို့ မပေါ်တော့ ဘဲ နောက် က Subject သာ ပေါ် လာပါလိမ့်မည်။

5. Action Photography

အရှိန် နှင့် မောင်း နေသာ ကား ၊ စက်ဘီး ၊ ပြေးနေသည့် တိရိစ္ဆာန် စသည့် Moving Subjects
များကို အလယ်အလတ်အဆင့်ရသော ကင်မရာများ ၊ Focus အရှိန် မမြန်သောLens များဖြင့်
Auto Focus Mode ထား၍ ရိုက်ပါက များစွာ အခက် အခဲ ရှိနိုင်သည်။ Continuous focusing
mode နှင့်ပင် လျှင် Subject ကို Panning သေသေချာချာ ဖမ်း မထားနိုင်လျှင် Focus နောက်ကျ
ကျန်နေတတ်သည်။ ထို အခြေ အနေ မျိုးတွင် Manual Focusing ဖြင့် Subject ဖြတ်သွား မည့်
လမ်းကြောင်း တွင် ကြိုတင် Focus ( Pre Focus ) လုပ် ကာ ထိုခွင် ထဲသို့ Subjectှင်လာပါက
ရိုက်ပါ။ သူ အရောက် ကိုယ် အရိုက် Timing ကိုက် ရန်တော့ လိုသည်။ မည်သို့ ပင် ဆိုစေကာ မူ
ဤ နည်း သည် Auto focus နည်းထက် ပိုသေခြာ သည်ကို တွေ့ ရသည်။

3
Homework

Manual Focusing ဖြင့်ရိုက်ရန်အတွက် ကျွန်းကျင်မှု ရှိလာရန် လိုအပ်သည်။ ကျွမ်းကျင်မှု


ရှိလာရေး တွက် လေ့လာပါ လေ့ကျင့်ပါ။ အထူးသဖြင့် Moving subject များကို ရိုက်ရန် အတွက်
အလေ့အကျင့် များစွာ လိုသည်။

------------------------------------------

Credit to => AkyabOnline

Potrebbero piacerti anche