Sei sulla pagina 1di 12

မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈

မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈


တပ်မတော်အရာရှိ နေအိမ်တွင်
အလုပ်လုပ်သည့် အိမ်ဖော် ၁ ဦး
ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံး

 By နော်နိုရင်း
 23 May 2018 DVB
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ အမှတ် ၁၀၇၄ သံချပ်ကာတပ်
အရာရှိရိပ်သာမှာ အိမ်အကူအဖြစ် သွားရောက် အလုပ်လုပ်ကိုင်နေသူတဲ့
အမျိုးသမီး တဦး နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးခဲ့မှုနဲ့ အိမ်ရှင်အမျိုးသမီးကို
ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာနေ မခင်စန္ဒာနန်းဦး
(ခ)မကရင်မ (၃၈-နှစ်)ဟာ လွန်ခဲ့တဲ့ ၆ လခန့်လောက်က လှည်းကူးမြို့နယ်ရှိ
အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပ်သာနေ တပ်မတော်
အရာရှိတဦးရဲ့နေအိမ်မှာ အိမ်အကူအဖြစ် လုပ်ကိုင်နေခဲ့တာပါ။
1
မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈
မေလ ၁၉ ရက်မှာတော့ အဆိုပါ တပ်မတော်အရာရှိရဲ့ ဇနီး
ဥပဒေအရာရှိဖြစ်သူ ဒေါ်သိင်္ဂီစုက မကရင်မကို နေအိမ်ကို ပြန်ပို့ပေးခဲ့ရာမှာ
အိမ်ရောက်ပြီး နှစ်နာရီအတွင်းမှာပဲ မကရင်မ သေဆုံးသွားခဲ့ပါတယ်။
မကရင်မရဲ့ ခေါင်း၊ ရင်ဘတ်နဲ့ ကျောဘက်မှာ ဖူးရောင်ပေါက်ပြဲဒဏ်ရာတွေ
တွေ့ရပြီး သူ မသေဆုံးခင် လက်ညှိုးထိုးကာ “အဲ့ကောင်မ ငါ့ကိုလုပ်တာ”လို့
ပြောခဲ့တဲ့အတွက် တရားလို ရာအိမ်မှူး ဦးအေးသောင်းက လူသတ်မှု
ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ခဲ့လို့ အိမ်ရှင် ဒေါ်သိင်္ဂီစုကို
တွံတေးရဲစခန်းကဖမ်းဆီးစစ်ဆေးနေတယ်လို့ ခတ္တိယ ရဲစခန်းမှူး
ရဲအုပ်မြင့်ဇော်က ပြောပါတယ်။
“လောလောဆယ် သံသယရှိတဲ့သူတယောက်ကိုတော့ ဖမ်းထားပါတယ်။
ကျနော့် အပိုင်ရွာမှာ အမျိုးသမီးတယောက် ၁၉ ရက်နေ့က ရုတ်တရက်
သေသွားတယ်။ ကျနော်တို့ကတော့ ဘာကြောင့် သေလဲဆိုတာကို သိရဖို့
ဆေးရုံကို ရင်ခွဲစစ်ဆေးပြီးတော့ ပို့တယ်ပေါ့နော်။ တရားလို ဦးအေးသောင်းက
ဒီအမျိုးသမီး မသေခင် ပြောသွားပါတယ်။ ပြီးမှ
အိမ်ရှင်အမျိုးသမီးရဲ့နာမည်ပြောတော့ အမှုဖွင့်ထားတာပေါ့နော်။
အဲဒီအမျိုးသမီးကို လက်ရှိ ဖမ်းထားပြီး ရမန်ယူထားပါတယ်။”
ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးဟာ တပ်မတော်အရာရှိတဦးရဲ့ဇနီးဖြစ်သလို
ပဲခူးမှာ တာဝန်ကျနေတဲ့ ဥပဒေအရာရှိတဦး ဖြစ်တယ်လို့ သိရကြောင်း တွံတေး
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြောပါတယ်။
မကရင်မ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုယ်တိုင်
သွားရောက်မေးမြန်းကူညီခဲ့တာဖြစ်ပြီး ဆရာဝန်ရဲ့စစ်ချက်အရ အူပေါက်ပြီး
သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ဆရာဝန်က ဒါ အူပေါက်သွားတယ်ပေါ့နော်။ သူ့ဒဏ်ရာတွေကြောင့်
အူပေါက်တယ်။ အမှန်မှာတော့ အူပေါက်တာ ဖြစ်ဖြစ်ချင်း ဆေးရုံတွေ ဘာတွေ
တင်တယ်ဆိုရင်တော့ အဆင်ပြေတယ်။ အခုဟာ သူက အူပေါက်တာက
ကြာတဲ့ပုံစံမှာ ရှိတယ်။ ရှိတော့ အဲဒီအူတွေက ပိုးပြန့်သွားပြီးတော့

2
မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈
သေတဲ့ပုံစံမျိုးပေါ့။ သူ့ဆီမှာက ဒဏ်ရာတွေက အများကြီးပဲ။ ခေါင်းတွေ၊
မေးစေ့ရော၊ ရင်ဘတ်တွေရော၊ ကျောကုန်းတွေရော၊ ကျောကုန်းနဲ့
ရင်ဘတ်တွေဆိုရင် အညိုအမည်းစွဲတဲ့ ဒဏ်ရာတွေ ထုရိုက်ထားတဲ့
ပုံစံမျိုးပေါ့နော်။ ခေါင်းမှာဆိုရင်လည်း ရိုက်ထား ပြုထားတဲ့ ပုံစံမျိုးတွေ။
မေးစေ့မှာဆိုရင်လည်း ဒဏ်ရာကြီးတွေနဲ့ နောက် အမျိုးသမီးကလည်း
ပိန်လီနေတယ်ဗျာ။ သူ သွားတဲရ
ု့ပ်နဲ့ ပြန်လာတဲရ
ု့ပ်နဲ့ လုံးဝ တခြားစီပဲ။ ”
သေဆုံးသူ မကရင်မဟာ အသက် ၁၅ နှစ်၊ ၁၄ နှစ်၊ ၁၂ နှစ် နဲ့ ၁၀ နှစ်အရွယ်
သားသမီး လေးဦးရှိပြီး ခင်ပွန်းဖြစ်သူကတော့ လွန်ခဲ့တဲ့ လေးနှစ်ကတည်းက
သေဆုံးသွားခဲ့တာပါ။
အဲဒီမှာ သွားရောက်အလုပ်မလုပ်ခင် ကလေး နှစ်ဦးကို သူ့ရဲ့အမေဆီမှာ
အပ်ထားခဲ့ပြီး နောက်နှစ်ဦးကိုတော့ သူ့အစ်မဆီမှ အပ်ထားခဲ့တာပါ။
အလုပ်သွားလုပ်ပြီး နှစ်လ တခါ အိမ်အတွက် စရိတ်တွေပို့ပေးခဲ့တယ်လို့
အဲဒီမျိုးသမီးကို သွားကူညီပေးခဲ့တဲ့ ကိုပီတာဖြိုးက ပြောပါတယ်။
“ပွဲစားကနေတဆင့် အဲဒီမှာ အိမ်ဖော်သွားလုပ်တာပေါ့။ သူက နှစ်လ
တခါလောက်ကိုတော့ စရိတ်ပို့ပေးတယ်လို့ ပြောတယ်။
ကလေးနှစ်ယောက်ကိုတော့ သူ့အစ်မက စောင့်ရှောက်ပေးတယ်။ နောက်
နှစ်ယောက်ကိုတော့ သူ့အမေက စောင့်ရှောက်ပေးတာ။ ဖြစ်တဲ့နေ့ မေလ ၁၉
ရက်နေ့က အိမ်ရှင်အမျိုးသမီးက ရွာကို ပြန်ပို့ပေးတယ်။ ကရင်မ
ရေဖျဉ်းစွဲနေတယ်။ နေမကောင်းဘူး။ လာပြန်ပို့တယ်ဆိုပြီးတော့ ပု့ေ
ိ ပးတယ်။
သူတို့ ပြန်ထွက်သွားတဲ့အချိန်မှာ မကရင်မက အဲကောင်မက
နှိပ်စက်တယ်ဆိုပြီး ပြောတယ်။ သူ့ကို ရိုက်လည်း ရိုက်တယ်။ ကန်လည်း
ကန်တယ်။ နောက် ကျောက်ပျဉ်နဲ့လည်း ထုတယ်ပေါ့။ ထမင်းလည်း
မကျွေးဘူးပေါ့။ အဲဒီလို ပြောတယ်။ လာပို့တာ နှစ်ယောက် အမျိုးသမီးရဲ့
အမေလား မသိဘူး။ အဲဒါ နင့်ကို နှိပ်စက်တာ ဘယ်သူလဲလို့မေးတော့
အသေးမလို့ ပြောတယ်။ အကြီးမက သဘောကောင်းတယ်လို့ ပြောတယ်။
ပြောပြီးတော့ သူ အိမ်သာ အရမ်းတက်ချင်တယ်ပေါ့။ ဖင်ကို တရွတ်ဆွဲပြီးတော့

3
မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈
အိမ်သာတက်မယ် ဆိုပြီးတော့ သွားတာ။ နောက်ဖေးနားမှာ အစိမ်းတွေ
အန်တယ်ပေါ့။ အန်ပြီး တအောင့်လောက် နေတော့ အသက်ပါ
ပါသွားတယ်ပေါ့။”
သူ သေဆုံးသွားပြီနောက် ကျေးရွာလူကြီးတွေ သိရှိပြီ။ ခတ္ထိယရဲစခန်းကို
အကြောင်းကြားရာ ရဲတပ်ဖွ့ဝ
ဲ င်တွေက စစ်ဆေးပြီး တွံတေးဆေးရုံကို
ဆေးစစ်ချက်ယူဖို့ ပို့ဆောင်ခဲ့ပါတယ်။
ဒီနောက် ထန်းတပင်မြို့နယ် ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး အိမ်ရှင်အမျိုးသမီး
ဒေါ်သိင်္ဂီစုကို ထန်းတပင် တိုးဂိတ်မှာ တားဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Kyaw Zin Oo

4
မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈

မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈

Aung Naing Htwe 23.5.2018

နိုင်ငံတော်ကာကွယ်တဲ့ အကောင်နဲ့
တရားဥပဒေစိုးမိုးရေးကောင်မတို့
လူသတ်မှုကြူးလွန်တယ်
ဂိုလ်ရှယ်လေး

5
မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈
မေလ ၁၉ ရက်က အိမ်အကူ ကရင်မ (ခ) မခင်စန္ဒာဦးကို ကျန်းမာရေး
မကောင်းဟုဆိုကာ မခင်စန္ဒာဦး နေထိုင်သည့် တွံတေးမြို့နယ်၊
ခတ္တိယကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာသို့ ပုံပါ လင်မယားနှစ်ယောက် အတူ
လာရောက်ပို့ဆောင်ပေးခဲ့ကြောင်း ရဲအရာရှိထံမှ သိရသည်။
“အိမ်အကူဖြစ်သူ ကျန်းမာရေး မကောင်းလို့ ပြန်လာပို့တာပါ ပြောသွားတယ်။
အိမ်အကူ ပိုင်ဆိုင်တဲ့ ငွေ တစ်သိန်း ရှစ်သောင်းကျပ်ပါ ရပ်မိရပ်ဖတွေရှေ့မှာ
ပေးပြီးတော့မှ အိမ်ရှင်တွေက ပြန်သွားတာ။ သူတို့ပြန်သွားပြီးမှ မကရင်မကို
အကြောင်းစုံ မေးမြန်းကြည့်တော့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံထားရမှန်း
သိခဲ့ရပြီး ဆေးရုံတင်မလို့ ပြင်ဆင်နေချိန်မှာ သေဆုံးသွားရှာတာ”ဟု
ရဲအရာရှိက ရှင်းပြသည်။
သေဆုံးသူတွင် သားသမီး လေးဦးရှိပြီး လွန်ခဲ့သည့် လေးနှစ်ခန့်က
ခင်ပွန်းသေဆုံးခဲ့ရာ စီးပွားရေး အဆင်မပြေသဖြင့် အိမ်အကူလုပ်ကာ
မိသားစုကို ထောက်ပံ့နေသူဖြစ်ကြောင်း၊ ၎င်း၏ရုပ်အလောင်းကို
ရင်ခွဲစစ်ဆေးချက်အရ ဦးခေါင်း ချိုစောင်းရှိ ဦးနှောက်သွေးကြောများ
ပုံမှန်ထက် ဖောင်းကားနေခြင်း၊ ဝမ်းဗိုက်ညိုမည်းစွဲဒဏ်ရာနှင့် အူတစ်လက်မခန့်
ပေါက်ပြဲဒဏ်ရာများကို တွေ့ရှိခဲ့ပြီး ယင်းဒဏ်ရာများမှာ လွန်ခဲ့သည့်
ငါးရက်ခန့်က ရရှိခဲ့သည့် ဒဏ်ရာများဖြစ်ကြောင်း ဆေးစာအရ သိရှိရသည်။
ယင်းအမှုကို တွံတေးမြို့နယ်၊ ခလောက်ချိုက် နယ်မြေရဲစခန်းက
ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ တရားလိုနှင့် သက်သေများ၏
ထွက်ဆိုချက်များအရ ဒေါ်သိင်္ဂီစုမှာ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့်
မေလ ၂၁ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းကို တွံတေးမြို့နယ်
တရားသူကြီး၏ ချုပ်မိန့်ရမန်ဖြင့် မေလ ၂၁ ရက်မှ ဇွန်လ ၁ ရက်အထိ
အိမ်ရှင်အမျိုးသမီးကို တွံတေးမြို့မ ရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားကြောင်း
ရဲတပ်ဖွဲ့ထံမှ သိရသည်။
THE VOICE မှ မကြာသေးခင်က တင်ပြလာတယ် ညကတော့ ကျနော်

6
မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈
ပြောပြခဲ့ပြီးသားပါ။ အခု တရားရုံးယမန်ကို ၃၀၂ နဲ့ယူထားတယ် ပုဒ်မ
မပြောင်းနဲ့ အနိုင်မကျင့်နဲ့။

7
မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈

မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈

အိမ်အကူအမျိုးသမီး မခင်စန္ဒာနန်းဦး (ခ)


မကရင်မသည် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်
အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပသ
်ာ
နေအိမ်တွင် ၆ လခန့် နှိပ်စက်ညှင်းပန်း
ခံရပြီး သေဆုံးကာနီး၌ ရွာပြန်ပို့ခဲ့ကြသည်
Myanmar Globel 23.5.2018

8
မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈

အိမ်အကူအမျိုးသမီး မခင်စန္ဒာနန်းဦး(ခ)မကရင်မအားရန်ကုန်တိုင်း
လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပ်သာ နေအိမ်တွင်
၆ လခန့် နှိပ်စက်ညှင်းပန်းခံရပြီး သေဆုံးကာနီး၌ ရွာပြန်ပို့ခဲ့ကြသည့်
ဥပဒေအရာရှိ ဒေါ်သိင်္ဂံစု ပုံပါ

အင်းဝအမှု ဖြစ်စဉ် မှတ်မိကြမှာပေါ့။ နေအိမ်မှာ


ရှိသူတွေအကုန် ကလေးတွေကလွဲလို့ ကြံရာပါအဖြစ်ရော
အမှုထိန်ချန်သူအဖြစ်ပါ အဘွားကြီးကအစ
ကူညီစောင့်ရှောက်ပေးခဲ့တဲ့ အမဖြစ်သူကိုပါ
အကုန်ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပါတယ်။

ဒီအမှုကျတော့ မယားဖြစ်သူကို ဖမ်းဆီးပြီး


အတူပါလာတဲ့ အမေဖြစ်သူကို ပြန်လွှတ်ပေးကာ
တအိမ်ထဲမှာ အတူနေတဲ့ ယောင်္ကျားဖြစ်သူကို
တပ်မတော်အရာရှိဖြစ်လို့ အရေးမယူပဲ ချန်ထားခဲ့ရင်
ဥပဒေက ဘက်လိုက်ပြီး စီရင်တယ်လို့ ပြစ်တင်ရှုံ့ချ
ခံရပါလိမ့်မယ်

9
မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈
ဒါဟာ ညှင်းပန်းနှိပ်စက်ပြီးမှ လူသတ်မှုဖြစ်ပါတယ်
လူ့အခွင့်အရေးကော်မရှင်အနေနဲ့ရော ဥပဒေစိုးမိုးရေး
လိုလားသူများ အမှုမှန်ဖြစ်ဖို့ ပါဝင်ပတ်သက်သူတွေ
ဥပဒေအရ အပြစ်ပေးခံရခြင်းက မလွတ်စေဖို့
ဝန်းရံကူညီပေးကြပါလို့ တောင်းဆိုလိုက်ပါတယ် ...

10
မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈

11
မြန်မာ့တပ်မတော် ဘာလုပ်ခဲ့သလဲ ၂၀၁၈

12

Potrebbero piacerti anche